ဗီယက်နမ်နိုင်ငံမှာ ရာဇဝတ်မှုတွေတိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုကာ တယ်လီဂရမ်ကို ပိတ်ပင်ဖို့ အစိုးရက ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ တယ်လီဂရမ်ကို ဇွန် ၂ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်ပင်တားမြစ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနရဲ့ တယ်လီကွန်းဌာနက မေ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်တို့လိုပဲ တယ်လီဂရမ်ဟာ လူသုံးများတဲ့ အက်ပ်လီကေးရှင်းတခုဖြစ်ပြီး ဒီကနေ့ မေ ၂၃ ရက်ထိ ဗီယက်နမ်နိုင်ငံမှာ အသုံးပြုလို့ ရနေနိုင်သေးသည်။



