ရွှေတြိဂံနယ်မြေနှင့် ကပ်လျှက်ရှိနေသော လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်၊ နမ့်ခမ်း စစ်ဆေးရေးဂိတ်တွင် ၂၂ ဘီးကားထဲ အံဝှက်လုပ်ကာ သယ်ဆောင်လာသည့် ၉၉၉ အမှတ်တံဆိပ် WY ဆေးပြား ၁၉၅ သိန်းကို မေ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမယ်ဆိုင်သတင်းဌာနက မေ ၂၃ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။



