back

ရန်ကုန်မြို့Xing Rui Fashion စက်ရုံ တွင် အချိန်ပို မဆင်းသည့် အလုပ်သမားများအား ပါးရိုက်မည်ဟု ပြောဆို ဖိနှိပ်

May 23 • 12:38 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့Xing Rui Fashion စက်ရုံ တွင် အချိန်ပို မဆင်းသည့် အလုပ်သမားများအား ပါးရိုက်မည်ဟု ပြောဆို ဖိနှိပ်

ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ် ၊ သာဓုကန် စက်မှုဇုန်မှာ Myanmar Xing Rui Fashion စက်ရုံမှာ နေ့စဉ် အချိန်ပိုခေါ်ယူပြီး မဆင်းနိုင်တဲ့ အလုပ်သမားတွေကို ပါးရိုက်မယ...

ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ် ၊ သာဓုကန် စက်မှုဇုန်မှာ Myanmar Xing Rui Fashion စက်ရုံမှာ နေ့စဉ် အချိန်ပိုခေါ်ယူပြီး မဆင်းနိုင်တဲ့ အလုပ်သမားတွေကို ပါးရိုက်မယ်လို့ ပြောဆိုပြီး ဖိနှိပ်နေတယ်လို့ ပြောပါတယ်။ အချိန်ပိုကို နေ့စဉ် ည ၈ နာရီ ၄၅ မိနစ် အထိနဲ့ ပိတ်ရကတွေမှာ လုပ်ကိုင် ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို လုပ်ကိုင်ဖို့ အလုပ်သမား တချို့ကို ရွေးချယ်ခခိုင်း‌စေတာ ဖြစ်ပြီး နေအိမ်အပြန်မှာ ကြိုပို့ ယာဉ်နဲ့ ပတ်ပို့တာကြောင့် အချိန် နောက်ကျပြီး လုံခြုံရေးနဲ့ စားသောက်ရေးတွေ အဆင်မပြေဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။



news-view-count-icon

14