ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် အမှတ် - မှာရှိတဲ့ GTIG Guohua Glory အထည်ချုပ်စက်ရုံမှာ လုပ်သား တစ်ထောင်ဝန်းကျင်လုပ်ငန်းခွင်ရပ်နားပြီး ဒေးကြေး ၁၃၀၀၀ ကျပ်တိုးမြှင့်ပေးရေးတောင်းဆို နေပါတယ်။ အလုပ်သမားတွေအနေနဲ့ ဒေးကြေးတိုးမြှင့်ရေးတောင်းဆိုရာမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရလို့ ခေတ်ကာလနဲ့ လျော်ညီတဲ့ လုပ်ခတိုးပေးဖို့ အလုပ်ခွင်ရပ်ပြီးတောင်းဆိုကြတာလို့ သိရပါတယ်။ စက်ရုံ ၄ ရုံ ၀န်းတခုထဲမှာ ဖွင့်လှစ်လုပ်ကိုင်တာဖြစ်ပြီး GTIG 2 စက်ရုံမှာ တောင်းဆိုမှုပြုလုပ်နေတာလို့ သိရပါတယ်။



