back

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ရွှေသံလွင်ဘိုးဘွားရိပ်သာ ကြည့်ရှုစစ်ဆေး

May 23 • 11:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ရွှေသံလွင်ဘိုးဘွားရိပ်သာ ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွား ရိပ်သာသို့သွားရောက်၍ ကြည့...

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွား ရိပ်သာသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရွှေသံလွင် ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိ သော ဘိုးဘွားများကို အိပ်ဆောင်များ၌ သွားရောက် တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစား အစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန်ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွား အိပ်ဆောင်များ၊ ရေချိုးခန်း၊ ဘိုးဘွားများ အနားယူအပန်း ဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ ပင်စင်ရအဘိုး၊ အဘွားများအနေဖြင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေခြင်း ရှိ၊ မရှိနှင့် အသက်(၈၅) နှစ်ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေးဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီးရိပ်သာ၌ အားပေးစကား ပြောကြားသည်။

news-view-count-icon

10