စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် ဖောင်းပြင်မြို့၌ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းများနှင့် မြို့ပုံရိပ် ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ကွန်ကရိလမ်းခြင်းလုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်း၊ ကွန်ကရိလမ်းချဲ့ခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ မြို့မဈေးအတွင်း ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအပြင် မြို့ပုံရိပ် ကောင်းမွန်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်း ၃၀ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူထံမှသိရသည်။



