အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယို ရိုက်ကူးပြီး Live လွှင့်ကာ ရရှိလာတဲ့ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူတွေကို လူကုန်ကူးမှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၃၀ စီ ကျခံစေဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။Sex Video ရိုက်ကူးပြီး Live လွှင့်ကာ ရရှိတဲ့အကျိုးအမြတ်တွေကို ခေါင်းပုံဖြတ် ရယူခဲ့တာကို စိစစ်တွေ့ရှိရတာကြောင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှာ (ပ) ၈၇၆/၂ဝ၂၄၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ) နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့ပါတယ်လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အပြင်ပဒံကျေးရွာ ရွှေကမ်းသာယာ 3 Block 84 3 (5) မှာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြတဲ့ Mr. Wang Shaohua (၃၉)နှစ် (ဘ) ဦးဝမ်းရှင်းဖား ၊ ယူနန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Yung Kun (၃၇)နှစ် (ဘ)ဦးရန်ပေါင်စွင့် ၊ တာ့လျန်ပြည်နယ် ၊ တရုတ်နိုင်ငံ၊ Mr. Zeng Yuan (၂၉)နှစ် (ဘ) ဦးကျင်းယုံ ကောင်း ၊ စီချွမ်ပြည်နယ် ၊ တရုတ်နိုင်ငံနဲ့ အဲလစ်စစ် (ခ) နော်မူးရှီးဖော(ခ) ကျဲကျဲ (မ) (၃၂) နှစ် (ဘ) ဦးစောလားချရှီး ငပုတောမြို့နယ် ၊ ဧရာဝတီတိုင်းမှာ နေသူတို့က မြန်မာအမျိုးသမီးစုံတွဲ လေးတွဲတို့ကို Sex Video ရိုက်ကူးပြီး Live လွှင့်ကာ ရရှိတဲ့အကျိုးအမြတ်တွေကို ခေါင်းပုံဖြတ် ရယူခဲ့တာကို စိစစ်တွေ့ရှိရတာကြောင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှာ (ပ) ၈၇၆/၂ဝ၂၄၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ) နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂ဝ ရက်မှာ တရားခံ Mr. Wang Shaohuai Mr. Yung Kuni Mr. Zeng Yuan နဲ့ အဲလစ်စစ် (ခ) နော်မူးရှီး ဖော (ခ) ကျဲကျဲ (မ) တို့ လေးဦးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နဲ့ ထောင်ဒဏ်နှစ် (၂၀) စီနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (ခ) အရ အလုပ်နဲ့ထောင်ဒဏ် (၁ဝ) နှစ်စီကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန် (မ) ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ပါတယ်။



