back

ပဲခူးတိုင်းဒေသကြီး၊ ကျွန်းကုန်းကျေးရွာတွင် အသက် (၁၆)နှစ် အရွယ်ရှိ G-9 ကျောင်းသူကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသား (၂)ဦးကို သေဒဏ်အမိန့် ချလိုက်

May 23 • 5:39 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ ကျွန်းကုန်းကျေးရွာတွင် အသက် (၁၆)နှစ် အရွယ်ရှိ G-9 ကျောင်းသူကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသား (၂)ဦးကို သေဒဏ်အမိန့် ချလိုက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် အသက် (၁၆)နှစ် အရွယ်ရှိ G-9 ကျောင်းသူကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိ...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် အသက် (၁၆)နှစ် အရွယ်ရှိ G-9 ကျောင်းသူကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသား (၂)ဦးကို သေဒဏ်အမိန့် ချလိုက်ပါတယ်။မတ်လ (၁၉)ရက် နံနက် (၆)နာရီ (၃၀)မိနစ်အချိန်က တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ မြောက်ပိုင်းတွင် နေထိုင်သည့် ကျောင်းသူ၏ မိခင်သည်နေအိမ်၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့် အကွာ တောစပ်အတွင်း အင်ဖက်ရွက်ကောက်ရန်အတွက် သမီးဖြစ်သူကို အိပ်ယာမှ နှိုးခဲ့ကာ သွားရောက်ခဲ့ပြီး နံနက် (၁၀)နာရီခန့်အချိန် အိမ်သို့ ပြန်ရောက်ချိန်တွင် သမီးအား ခေါ်မရသဖြင့် အိပ်ခန်းအတွင်း ဝင်ကြည့်ရာ ပက်လက်အနေအထားဖြင့် မေးစေ့အောက်တွင် လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက်ရရှိကာ သွေးများထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ယင်းအပြင် အိပ်ယာအတွင်း ခြုံစောင်အနီး၌ အိမ်တွင် အသုံးပြုနေသည့် အရိုးအသွား (၁၆)လက်မခန့်ရှိ ဝါးရိုးတပ် ဓားမတွင် သွေးများ ပေကျံနေပြီး အိပ်ယာဘေး၌ အရှည်(၄)ပေခန့် သွေးများ ပေကျံနေသည့် နိုင်လွန်ကြိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့သဖြင့် သမီးဖြစ်သူအား သေဆုံးသည်အထိ ဓားဖြင့်ခုတ်သတ်ခဲ့သူအား စုံစမ်းဖော်ထုတ် အရေးယူ ပေးပါရန် မိခင်ဖြစ်သူမှ မတ်လ (၁၉)ရက် နံနက် (၁၁)နာရီ (၃၀)မိနစ် အချိန်တွင် ကျွန်းကုန်းနယ်မြေရဲစခန်းအား တရားလိုပြုလုပ် တိုင်တန်းခဲ့ရာမှ အသတ်ခံရသည့် ကျောင်းသူ နေထိုင်သည့် နေအိမ်နှင့် ကျောချင်းကပ်တွင် နေထိုင်သူ စည်သူနိုင် (ခ) မှဲ့ကြီးသည် ယခင်က မိခင်ဖြစ်သူ လျော်ဖွတ်ပေးနေကြ ၎င်း၏ နံနက်အစောပိုင်း ဝတ်ဆင်သည့် ပုဆိုးအား (၃)ကြိမ်ခန့် လျှော်ဖွတ်နေသည်ကို မသင်္ကာသဖြင့် စုံစမ်းရာ ၎င်းသည် နေအိမ်နှင့် သွားလာနေကျနေရာများတွင် ရှိနေခြင်းမရှိသဖြင့် ညပိုင်းအချိန်တွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ည(၁၁) နာရီခွဲအချိန် အိမ်ရှေ့ လမ်းပေါ်တွင် တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီးစည်သူနိုင် (ခ)မှဲ့ကြီးအား စစ်ဆေးရာတွင် တစ်ရွာတည်းနေ သိန်းထိုက်အောင် (ခ) သားပု နှင့်အတူ ကျောင်းသူအား ကာမပြုကျင့်ခဲ့ပြီး သိန်းထိုက်အောင် (ခ) သားပုမှ နိုင်လွန်ကြိုးဖြင့် လည်ပင်းအား ရစ်ပတ်ထားချိန် စည်သူနိုင်(ခ)မှဲ့ကြီးမှ အိမ်ပေါ်တွင်အသင့်တွေ့သည့်ဓားမဖြင့် လည်ပင်းအားခုတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုမှုအရ တရားခံ သိန်းထိုက်အောင်(ခ)သားပုအား ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် မတ်လ (၂၃)ရက် ညနေ (၃)နာရီအချိန်တွင် သိန်းထိုက်အောင် (ခ) သားပုအား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကာ

ယင်းနောက် တရားခံ (၂)ဦးအား ရာဇသတ်ကြီးပုဒ်မ -၃၇၆/၃၀၂၊ စွဲချက်အမှတ် ၅/၂၀၂၅ဖြင့် ဧပြီလ (၁၀)ရက်တွင် တရားစွဲတင်ပို့ခဲ့ရာ ခရိုင်တရားသူကြီးရုံး၊ ရာကြီးအမှုအမှတ် ၊ ၄၇/၂၀၂၅ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျုးလွန်ကြောင်း ပေါ်ပေါက်မှုအရ ရာဇသတ်ကြီးပုဒ်မ -၃၀၂ (၁)(ဂ)/၃၄အရ မေလ (၂၂)ရက်တွင် ၎င်းတရားခံ (၂)ဦးအား သေဒဏ် မသေမချင်း ကြိုးကွင်းစွပ်စေ အမိန့်ချမှတ်ခဲ့ပါတယ်။

news-view-count-icon

28