back

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာအား ဆန်ဝယ်ယူမှု အစီအစဉ် ဆုံးရှုံးမှုအတွက် ဒဏ်ငွေ ရိုက်

May 22 • 1:02 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာအား ဆန်ဝယ်ယူမှု အစီအစဉ် ဆုံးရှုံးမှုအတွက် ဒဏ်ငွေ ရိုက်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာအား လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ၎င်း၏ အစိုးရလက်ထက် အငြင်းပွားဖွယ် အစိုးရမှ ဆန်ဝယ်ယူမှု အစီအစဉ်အရ ဆုံးရှုံးမှုအတွက် ဒဏ်...

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ထရာအား လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ၎င်း၏ အစိုးရလက်ထက် အငြင်းပွားဖွယ် အစိုးရမှ ဆန်ဝယ်ယူမှု အစီအစဉ်အရ ဆုံးရှုံးမှုအတွက် ဒဏ်ငွေ ဘတ် ၁၀.၀၃ ဘီလီယံ (ဒေါ်လာ ၃၀၆ သန်း) ပေးဆောင်ရန် ထိုင်းတရားရုံးက စီရင်ချက်ချသည်။ လက်ရှိဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာ၏ အဒေါ်တော်စပ်သူ ယင်လတ်သည် အစိုးရမှ ဆန်စပါး ဝယ်ယူသည့် အစီအစဉ်တွင် အကျင့်ပျက်ခြစားမှုများကို ခွင့်ပြုထားပြီး ဆုံးရှုံးမည့်အရေးကို ဂရုမစိုက်သည်မှာ လွန်ကဲလွန်းသည့်အတွက်ကြောင့် နိုင်ငံတော်ဘဏ္ဍာရေး နစ်နာဆုံးရှုံးခဲ့ရသဖြင့် ၎င်းဒဏ်ကြေးကို မဖြစ်မနေ ပေးဆောင်ရမည်ဟု စီရင်ချက်တွင် ထုတ်ပြန်ထားသည်။



news-view-count-icon

25