ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသည် လာမည့်လတွင် ဘန်ကောက်တွင် အလုပ်အကိုင်ပြပွဲကြီး Job Expo Thailand 2025 ကို ကျင်းပမည်ဖြစ်ပြီး အသက်အရွယ်အလိုက် အမျိုးမျိုးသော အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆ သိန်း ကျော် ပါဝင်မည်။ Job Expo Thailand 2025 ကို ဇွန် ၆ ရက်မှ ၈ ရက်အထိ Queen Sirikit National Convention Centre ၌ ကျင်းပမည်ဖြစ်သည်။



