back

အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာကလပ်နှစ်သင်းကစားခွင့်ရမည်ဟု သတင်းထွက်ပေါ်နေ

May 22 • 8:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာကလပ်နှစ်သင်းကစားခွင့်ရမည်ဟု သတင်းထွက်ပေါ်နေ

AFC ASEAN CLUB CHAMPIONSHIP 2025 - 2026 ပြိုင်ပွဲကို မြန်မာကလပ်နှစ်သင်းဝင်ခွင့်ရမည်ဟု သတင်းတွေထွက်ပေါ်လျှက်ရှိနေပြီး မြန်မာနေရှင်နယ်လိဂ်ချန်ပီယံရှမ်းယူနိုက်တက...

AFC ASEAN CLUB CHAMPIONSHIP 2025 - 2026 ပြိုင်ပွဲကို မြန်မာကလပ်နှစ်သင်းဝင်ခွင့်ရမည်ဟု သတင်းတွေထွက်ပေါ်လျှက်ရှိနေပြီး မြန်မာနေရှင်နယ်လိဂ်ချန်ပီယံရှမ်းယူနိုက်တက်အသင်းက သေချာပေါက်ကစားခွင့်ရမှာဖြစ်ပြီး ဒုတိယနေရာရရှိတဲ့ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ဝင်ကစားခွင့်ရဖို့ သေချာမှုမရှိသေးဘူးလို့ သိရပါတယ်။ရန်ကုန်ယူနိုက်တက်အသင်ဟာ ဦးကျော်ဒွန်းကို စာချုပ်သစ် ကမ်းလှမ်းရာမှာလည်း စာချုပ်ထဲမှာ (AFC Cup 25-26 ကစားခွင့်ရလျှင် တာဝန်ယူကိုင်တွယ်ရမယ်) ဆိုတဲ့ အချက်ကို ထည့်သွင်းထားကာဒါပေမဲ့ မြန်မာလိဂ်တာဝန်ရှိသူတွေကတော့ ပါဝင်ကစားခွင့်ရှိမရှိအတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ် 2024-2025ရာသီမှာ ရှမ်းယူနိုက်တက်အသင်းဟာ AFC SHOPEE CUPမှာ အုပ်စုအဆင့်ကထွက်ခဲ့ရသလို AFC Challange League မှာလည်း ဆီမီးဖိုင်နယ်မှာ ကမ္ဘောဒီးယားကလပ်ကို ဂိုးပြတ်အရှုံးတွေနဲ့ထွက်ခဲ့ရလို့ မြန်မာကလပ်အသင်းတွေရဲ့ သတ်မှတ်ချက် နိမ့်နေတာကြောင့် ဖြစ်နိုင်ဖို့လဲ နည်းပါးနေပါတယ်။


news-view-count-icon

21