back

စစ်ကိုင်းမြို့တွင် ဘိန်းစိမ်းများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

May 22 • 8:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စစ်ကိုင်းမြို့တွင် ဘိန်းစိမ်းများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

မေလ ၂၀ ရက်နေ့ ၁၀နာရီ၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တကောင်...

မေလ ၂၀ ရက်နေ့ ၁၀နာရီ၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဇော်ဖြိုးအောင် မောင်းနှင်ပြီး သက်ဝေထွန်း လိုက်ပါလာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သယ်ဆောင်လာသော ကြက်သွန်နီအိတ်များ အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဖြိုးအောင်(၃၅)နှစ် နှင့် သက်ဝေထွန်း(၃၆)နှစ်တို့အား စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

32