back

ထိုင်းတွင်ပြီးခဲ့တဲ့ တစ်ပတ်မှာ ကိုဗစ် ၁၉ ကူးစက်သူ ၅၀,၀၀၀ နီးပါး ရှိပြီး နောက် ၂ လ ၊ ၃ လ ဆက်တိုက် ကူးစက်မှု မြင့်မားမည်

May 22 • 3:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင်ပြီးခဲ့တဲ့ တစ်ပတ်မှာ ကိုဗစ် ၁၉ ကူးစက်သူ ၅၀,၀၀၀ နီးပါး ရှိပြီး နောက် ၂ လ ၊ ၃ လ ဆက်တိုက် ကူးစက်မှု မြင့်မားမည်

ထိုင်း ရောဂါ ထိန်းချုပ်ရေးဌာန(DDC) က ပြီးခဲ့တဲ့ တစ်ပတ်မှာ ကိုဗစ် ၁၉ ကူးစက်သူ ၅၀,၀၀၀ နီးပါး ရှိခဲ့ပြီး နောက် ၂ လ၊ ၃ လ ဆက်တိုက် ကူးစက်မှု မြင့်မားမယ်လို့ သတိပေးလိ...

ထိုင်း ရောဂါ ထိန်းချုပ်ရေးဌာန(DDC) က ပြီးခဲ့တဲ့ တစ်ပတ်မှာ ကိုဗစ် ၁၉ ကူးစက်သူ ၅၀,၀၀၀ နီးပါး ရှိခဲ့ပြီး နောက် ၂ လ၊ ၃ လ ဆက်တိုက် ကူးစက်မှု မြင့်မားမယ်လို့ သတိပေးလိုက်ပါတယ်။ DDC က ကိုဗစ် ၁၉ နဲ့ ရာသီတုပ်ကွေး ကူးစက်မှု အခြေအနေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မေလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကိုဗစ် ၁၉ ကူးစက်သူ ၄၉,၀၆၅ ယောက်နဲ့ မေလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ ကူးစက်သူ ၁၂,၅၂၄ ယောက်ရှိပါတယ်။ ရာသီတုပ်ကွေး ကူးစက်သူဟာ မေလ ၁၁ ရက်ကနေ ၁၇ ရက်အထိ ၆,၈၃၇ ယောက်နဲ့ မေလ ၁၈ ရက်ကနေ ၂၁ ရက်အထိ ၁,၄၄၇ ယောက် ရှိပါတယ်။ ကိုဗစ် ၁၉ ကူးစက်သူဟာ တုပ်ကွေး ကူးစက်သူထက်များနေတာကို တွေ့ရပါတယ်။


news-view-count-icon

23