တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကျင်းပပြုလုပ်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်သိန်းသိန်းအေးက ဒိုင်ကြီးကြပ်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသလိုဒေါ်သိန်းသိန်းအေးသည် မြန်မာအမျိုးသမီးဒိုင်လောကတွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခွင့်ရသည့် ဒိုင်လူကြီးဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပခဲ့သည့် MFFMNL Awards Night တွင် ဂုဏ်ပြုဆုချီးမြှင့် ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ဒေါ်သိန်းသိန်းအေးသည် အာဆီယံအဆင့်၊ အာရှအဆင့် ပြိုင်ပွဲများတွင်သာမက ကမ္ဘာ့အဆင့် လူငယ်ပြိုင်ပွဲတွင်လည်း တာဝန်ထမ်းဆောင်ဖူးသည့် မြန်မာအမျိုးသမီး ဒိုင်လူကြီး တစ်ဦးဖြစ်ကာ ဒေါ်သိန်းသိန်းအေးသည် အာရှဘောလုံး အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် ဗီဒီယို လက်ထောက်ဒိုင်လူကြီး ၂၀၂၁ (VAR) သင်တန်းကိုလည်း ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် တက်ရောက်ထားသူဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ၂၀၂၂ ခုနှစ်အတွက် ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီး (၁၈) ဦးရှိပြီး အမျိုးသားကွင်းလယ်ဒိုင် (၄) ဦး၊ အမျိုးသမီး ကွင်းလယ်ဒိုင်(၃)ဦး၊ အမျိုးသားအကူဒိုင် (၆)ဦး၊ အမျိုးသမီး အကူဒိုင် (၃)ဦးနှင့် ဖူဆယ် အမျိုးသားဒိုင်လူကြီး (၂) ဦးဖြစ်သည်။
အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဒိုင်ကြီးကြပ်အဖြစ် မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးတာဝန်ယူ ဆောင်ရွက်မည်
May 22 • 3:26 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


