back

အမျိုးသမီး လုပ်သားများ ဓမ္မတာလာသည့်ရက်ကို နားခွင့်နှင့်လုပ်အားခပေးရန် ထိုင်းအစိုးရသတ်မှတ်

May 22 • 1:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အမျိုးသမီး လုပ်သားများ ဓမ္မတာလာသည့်ရက်ကို နားခွင့်နှင့်လုပ်အားခပေးရန် ထိုင်းအစိုးရသတ်မှတ်

ထိုင်းနိုင်ငံတွင် အမျိုးသမီး အလုပ်သမားများ ဓမ္မတာလာသည့်ရက်ကို နားခွင့်နှင့်လုပ်အားခပေးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်သည်။ထို့အပြင် ဓမ္မတာလာချိန်၌ အသုံး...

ထိုင်းနိုင်ငံတွင် အမျိုးသမီး အလုပ်သမားများ ဓမ္မတာလာသည့်ရက်ကို နားခွင့်နှင့်လုပ်အားခပေးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်သည်။ထို့အပြင် ဓမ္မတာလာချိန်၌ အသုံးပြုရန် လုပ်ငန်းခွင်အတွင်း အမျိုးသမီး အသုံးဆောင်ပစ္စည်းများအခမဲ့ထားရှိပေးရန် လည်းထုတ်ပြန်ချက်တွင်ပါရှိသည်။ခရိုင်အသီးသီးရှိ လူမှုဖူလုံရေးရုံးနှင့် အလုပ်သမား ကာကွယ်ရေးရုံးများမှတစ်ဆင့် အလုပ်ရှင်များအား ဖိတ်ကြားကာ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ကြရန်လည်း အလုပ်သမား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။


news-view-count-icon

33