back

“အစိုးရမျက်မမြင်ကျောင်းများမှ ကျောင်းသား/သူ သစ်များကို ခေါ်ယူနေ”

May 21 • 5:01 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

“အစိုးရမျက်မမြင်ကျောင်းများမှ ကျောင်းသား/သူ သစ်များကို ခေါ်ယူနေ”

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကြည်မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းကျောင်းတို့မှာ ၂၀၂၅-၂၀၂၆ ...

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကြည်မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းကျောင်းတို့မှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်သား/သူသစ် များကို တက်ရောက်နိုင်ရန် ထုတ်ပြန်ကြေညာထားပါတယ်။အဆိုပါထုတ်ပြန်ချက်အရ မျက်မမြင်ကျောင်းများမှာ မျက်စိလုံးဝမမြင်ရသူများ၊ အမြင်အားဖြင့် ၁/၁၀ ထက်ပို ၍ မမြင်ကြသူများ၊ ကုသ၍မရသော မျက်မမြင်သူများကို လက်ခံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တက်ရောက်လိုသောကျောင်းသားများအနေနဲ့ အသက် ၆ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိသူ၊ အိမ်ထောင်မရှိ သူ၊ မိဘ(သို့မဟုတ်) အုပ်ထိန်းသူရှိရသူ၊ အမြင်အာရုံမသန်စွမ်းမှုူးမှအပ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး စာပေနှင့် အသက်မွေးဝမ်းကျောင်းများကို သင်ယူလိုစိတ်ရှိသူ လာရောက်လျှောက်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါကျောင်းများမှာ တက်ရောက်ခွင့်ရရှိကြတဲ့ ကျောင်းသား/သူများကို စားသောက်နေထိုင်ရေးများကို နိုင်ငံတော် က တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းဝင်ကြေးနှင့်ကျောင်းအပ်ခများ ပေးသွင်းရန် မလိုအပ်ကြောင်း သိရပါတယ်။




news-view-count-icon

30