back

မေ ၂၃ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းနိုင်

May 21 • 4:54 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မေ ၂၃ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေများဖြစ်ပေါ်နိုင်သည်ဟု မိုးဇလမှ ယနေ့ မေ ၂၁ ရက်က အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ထို့အတူ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင် သည်ဟု မိုးဇလကအသိပေးခဲ့သည်။



news-view-count-icon

18