စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့်ဝန်ထမ်းများ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ အုပ် ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများ ပူးပေါင်း ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ချမှုမရှိစေဘဲ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေး၊ အသက်အရွယ်အလိုက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခြင်း၊ သွေးချိုဆီးချို တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ နှလုံး၊ခါးနာ၊ဒူးနာရောဂါများ ကုသပေး ခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများနှင့်ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



