စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့၌၊မြန်မာ့စီးပွားရေးဘဏ်တွင်၊ လစာထုတ်ယူသည့်အငြိမ်းစားဝန်ထမ်းများမှမြို့ပြပင်စင်၊ ( ၆၆၄) ဦး၊ကာကွယ်ရေးပင်စင် (၄၃၈)ဦး၊နိုင်ငံရေးပင်စင်(၁၆၀)ဦး၊စုစုပေါင်း (၁၂၆၂)ဦးရှိပြီးကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့်ကိုယ်စားထုတ်ယူနိုင်ပါကြောင်းလစဉ်ပင်စင်ထုတ်ယူသူများအတွက်၊လစဉ် (၂၁)ရက်နေ့မှလကုန်ရက်နေ့အထိထုတ်ပေးလျက်ရှိပါကြောင်းနှင့်လပေါင်း၍ပင်စင်ထုတ်ယူသူများအတွက်အစိုးရရုံးဖွင့်ရက်နေ့တိုင်းထုတ်ပေးလျက်ရှိကြောင်းမြို့နယ်စီးပွားရေးဘဏ်မန်နေဂျာဦးအောင်သန့်ဇင်ထံမှသိရသည်။



