back

သာမညမှ ရန်ကုန်လာသောယာဉ်ပေါ်မှ စာရွက်စာတမ်းမပြနိုင်သည့် လူသုံးကုန်ပစ္စည်းနှစ်မျိုးဖမ်းဆီး

May 21 • 3:06 PM

breaking-news

မြန်မာ

ရန်ကုန်

cover

သာမညမှ ရန်ကုန်လာသောယာဉ်ပေါ်မှ စာရွက်စာတမ်းမပြနိုင်သည့် လူသုံးကုန်ပစ္စည်းနှစ်မျိုးဖမ်းဆီး

သာမည မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွ...

သာမည မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃၂၀၀၀)ကို မရမ်းချောင် စစ်ဆေး ရေး စခန်း၌ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန် ထားချက်အရ သိရသည်။အဆိုပါ လူသုံးကုန်ပစ္စည်းနှစ်မျိုးနှင့်အတူ ယင်းပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၇၀၀၀၀၀၀၀) အပါအဝင် စုစုပေါင်း ခန့်မှန်တန်ဖိုးငွေကျပ် (၇၅၅၃၂၀၀၀) ကို မေ ၁၈ ရက်ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုထားသည်။ထို့အပြင် ရန်ကုန်၊ အေရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာ ၁၈ လုံးအတွင်း တရားဝင်စာရွက်စာတမ်း အထောက် အထားပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၈၂၂၁၀) ကိုလည်း ကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Malaysia Airlines လေယာဉ်ခရီးစဉ်အမှတ် MH-740/SF – 4762 ဖြင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၃၂၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၅၉၈၀၂၂၁၀) ကို မေ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။




news-view-count-icon

14