မြန်မာနိုင်ငံနေရာဒေသအသီးသီး၌ ပျောက်ဆုံးသွားခဲ့သည့် လူပျောက်ကြော်ငြာများကို လူမှုကွန်ရက်စာမျက် နှာပေါ် တွင် ယခုနောက်ပိုင်း ခပ်စိပ်စိပ်ပြန်လည် မြင်တွေ့လာခဲ့ရကြောင်း လူမှုကွန်ရက်သုံးစွဲသူများကြားမှ သိရသည်။အဆိုပါ လူပျောက်ကြော်ငြာများအရ ဆယ်ကျော်သက်အရွယ် လူငယ်များအပြင် အသက်(၈၀)ကျော်အရွယ် သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး ယင်းသို့ပျောက်ဆုံးသွားသူများအနက်တွင် အသက်(၂၀)ဝန်းကျင် အမျိုး သမီးများ အများဆုံးဖြစ်နေကြောင်း သိရသည်။အဆိုပါ ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေနေသည့် မိသားစုဝင်များမှာ အများအပြားရှိနေပြီး ယင်း သိုရှာဖွေရာတွင် အလိမ်ခံရသည့်ဖြစ်စဉ်များကိုလည်း ကြုံတွေ့လာခဲ့ရကြောင်း ပျောက်ဆုံးသွားသူတစ်ဦး၏ မိ သားစုဝင်ဖြစ်သူက ပြောသည်။အဆိုပါ ပျောက်ဆုံးသွားခဲ့သောသူများအနက်မှ အနည်းစုလောက်သာ ပြန်လည်တွေ့ရှိခဲ့ပြီး အများစုမှာ ယနေ့အချိန်အထိ အဆက်အသွယ်ပင်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်နေကြောင်း သိရသည်။



