တရုတ်ပြည်တွင် ဧပြီလထဲက အသက် ၁၆ နှစ်နဲ့ ၂၄ နှစ်အကြား မြို့ပြနေထိုင်သူ ၁၅.၈% ဟာ အလုပ်မရှိကြပါဘူး။ ဒါဟာ ဖေဖော်ဝါရီလထဲက အလုပ်လက်မဲ့နှုန်း ၁၆.၉% ကနေ ကျလာတာဖြစ်ပေမယ့် မကြာခင် တက္ကသိုလ်ကောလိပ်တွေကနေ ဘွဲ့ရကျောင်းသား ၁၂.၂ သန်း ထပ်ဆင်းလာကြဖို့ ရှိနေပါတယ်။ တရုတ်မှာ တနှစ်ကို ဘွဲ့ရ ၁၂ သန်းကျော် တိုးနေသဖြင့် အလုပ်အကိုင်အခွင့်အလမ်းက စီးပွါးရေးကျနေချိန် အရမ်းခက်ခဲလာကြရကြောင်း သိရသည်။



