back

ဂျပန်လယ်ယာဝန်ကြီး Taku Eto ရာထူးမှ နုတ်ထွက်

May 21 • 1:54 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်လယ်ယာဝန်ကြီး Taku Eto ရာထူးမှ နုတ်ထွက်

ဂျပန်တွင် မကြုံစဖူး ထူးထူးကဲကဲ စံချိန်သစ်တင် ဆန်ဈေးနှုန်းများ မြင့်တက်နေသည်ကို စားသုံးသူတို့ ခါးစည်းခံနေရစဉ် ဂျပန်လယ်ယာဝန်ကြီး Taku Eto က သူသည် ထောက်ခံအားပေးသူမ...

ဂျပန်တွင် မကြုံစဖူး ထူးထူးကဲကဲ စံချိန်သစ်တင် ဆန်ဈေးနှုန်းများ မြင့်တက်နေသည်ကို စားသုံးသူတို့ ခါးစည်းခံနေရစဉ် ဂျပန်လယ်ယာဝန်ကြီး Taku Eto က သူသည် ထောက်ခံအားပေးသူများထံမှ လက်ဆောင်များ ပေးသဖြင့် ဆန်ကို အလကားရနေသောကြောင့် "ဆန် ဘယ်‌တော့မှ ဝယ်မစားရဘူး"ဟု ပြောခဲ့သည်ကို မီဒီယာများက ဖွကြသဖြင့် မဲဆန္ဒရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်သံများ ပွဲဆူသွားသည်။ ထိုဂယက်ကြောင့် Taku Eto ရာထူးမှ နုတ်ထွက်လိုက်သည်။ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဟောင်း Shinjiro Koizumi က ၎င်း၏ နေရာတွင် အစားထိုး တာဝန်ယူမည်။

news-view-count-icon

2