back

တရုတ်ပြည်ဘက် အလုပ်သွားလုပ်မယ့် မြန်မာ့အလုပ်သမား‌တွေဟာ ပွဲစားတွေထံ ငွေဆယ်ချီပေးနေရပေမဲ့ အလုပ်ရ့ မသေချာ

May 21 • 12:56 PM

breaking-news

မြန်မာ

ရှမ်း

cover

တရုတ်ပြည်ဘက် အလုပ်သွားလုပ်မယ့် မြန်မာ့အလုပ်သမား‌တွေဟာ ပွဲစားတွေထံ ငွေဆယ်ချီပေးနေရပေမဲ့ အလုပ်ရ့ မသေချာ

တရုတ် - မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ့်ကနေ တရုတ်နိုင်ငံဘက်ကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေဆီ ပွဲစားတွေက တရုတ်‌ယွမ် ၃ ထောင်( မြန်မာငွေ ကျပ် ၁၈ သိန်း)အထိ...

တရုတ် - မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ့်ကနေ တရုတ်နိုင်ငံဘက်ကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေဆီ ပွဲစားတွေက တရုတ်‌ယွမ် ၃ ထောင်( မြန်မာငွေ ကျပ် ၁၈ သိန်း)အထိ တောင်းနေတာတွေ ရှိ တယ် လို့ ဖြစ်စဉ်သိရှိသူတစ်ဦးထံမှ သိရပါသည်။အဆိုပါ ပွဲစားတွေဟာ အလုပ်ခေါ်စာအတုကို အသုံးပြုပြီး TBP (၇) ရက်ကတ်ပြားနဲ့ တရုတ်ပြည်ဘက် အလုပ်သွားလုပ်လိုသူတွေကို လိမ်လည်တာဖြစ်ပြီး ယွမ် ၂ ထောင်ကို ချက်ချင်းပေးရတာဖြစ်ပြီးတော့ ကျန်တဲ့ယွမ် ၁ ထောင်ကိုတော့ တရုတ်ပြည်ဘက်ရောက်မှသာ ပေးရမှာဖြစ်တယ့် ပြောပါတယ်။ ဒါ့အပြင် နန်းတော်ပေါက်ဂိတ်မှာလည်း တရုတ်ပြည်ဘက်ကို အလုပ်ခေါ်စာနဲ့ အလုပ်သွားလုပ်မဲ့ မြန်မာနိုင်ငံသားတွေကို မူဆယ်လူကုန်တား ရဲတပ်ဖွဲ့ က တစ်ဦးကို ယွမ် ၁၀၀ နဲ့ နေ့စဉ်ကောက်ယူနေတာဖြစ်တယ်လို့ ပြောပါတယ်။



news-view-count-icon

15