ဒီနှစ် ဇန်နဝါရီလစ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ အဆင်းခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၁၂၀,၀၀၀ ( တစ်သိန်းနှစ်သောင်း)၊ အတက်ခရီးသည်တစ်ဦး ကျပ် ၂၀၀,၀၀၀ ( နှစ်သိန်း)အထိစျေးတက်သွားတယ်လို့ ပူတာအိုမြို့ ခံအမျိုးသားတစ်ဦးထံမှ သိရပါသည်။“အဆင်း(ပူတာအိုမှမြစ်ကြီးနား) ကစျေးသက်သာတယ် ကလေးဆိုရင်တစ်သိန်း လူကြီးတစ်သိန်းနှစ်သောင်း၊ အတက်(မြစ်ကြီးနားမှပူတာအို) ကျတော့ နှစ်သိန်း ၊နှစ်သိန်းနှစ်သောင်း အထိရှိတယ်”့ အသက် ၃၀ ကျော်အရွယ်ပူတာအိုမြို့ ခံအမျိုးသားတစ်ဦးကပြောပါတယ်။



