back

ဘုတ်ပြင်းမြို့၌ ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

May 21 • 10:04 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ဘုတ်ပြင်းမြို့၌ ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန...

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်က ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းမျာနှင့် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး၏ကြီးကြပ်မှု သူနာပြုကြီး ဦးဆောင်၍ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစစ်ဆေးကုသခြင်း၊ ဆေးဝါးများ အခမဲ့ပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

21