လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကိုလည်း ဖော်ထုတ်သွားရန်လိုကြောင်း၊ နံပါတ်ပြားများ အတုပြုလုပ်ခြင်း၊ လိုင်စင်များ အတုပြုလုပ်ခြင်းများ လုပ်ဆောင်နေမှုများကိုတွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ထိုသို့ စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း ဥက္ကဋ္ဌက ပြောကြားသည်။

နံပါတ်ပြားအတု၊ လိုင်စင်အတုများပြုလုပ်ပြီး လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ စီနင်းနေမှုများတွင် ပါဝင်ပတ်သက်နေသူအားလုံးကိုပါ ဖော်ထုတ်အရေးယူရန် ဥက္ကဋ္ဌ ပြောကြား
May 21 • 9:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 52 | 0 | 0 | 0 |


