back

မြန်မာယူ-၂၂အသင်းဟာ ဇွန်လတွင် တရုတ်ယူ-၂၂ နဲ့ ခြေစမ်းပွဲ နှစ်ပွဲ ကစားမည်

May 21 • 7:25 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာယူ-၂၂အသင်းဟာ ဇွန်လတွင် တရုတ်ယူ-၂၂ နဲ့ ခြေစမ်းပွဲ နှစ်ပွဲ ကစားမည်

ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်မှုတွေလုပ်နေတဲ့ မြန်မာယူ-၂၂အသင်းဟာ ဇွန်လအတွင်း တရုတ်နိုင်ငံကို လေ့ကျင့်ခြေစမ်းခရီးထွက်ခွာမှာဖြစ်ပြီး တရုတ်ယူ-၂၂အသင်းနဲ့ ခြေစမ်းပွဲန...

ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်မှုတွေလုပ်နေတဲ့ မြန်မာယူ-၂၂အသင်းဟာ ဇွန်လအတွင်း တရုတ်နိုင်ငံကို လေ့ကျင့်ခြေစမ်းခရီးထွက်ခွာမှာဖြစ်ပြီး တရုတ်ယူ-၂၂အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ထားကာမြန်မာယူ-၂၂အသင်းဟာ မေလ ၃၀ရက်မှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ၊ ဒါလီယန်မြို့ကို ထွက်ခွာမှာဖြစ်ပြီး ဒါလီယန်မြို့မှာ အခြေစိုက်လေ့ကျင့်မှာဖြစ်ကာ ဇွန်လ ၁ရက် နဲ့ ၄ရက် မှာ တရုတ်ယူ-၂၂အသင်းနဲ့ ခြေစမ်းကစားမှာလည်းဖြစ်ပါတယ်။မြန်မာယူ-၂၂အသင်းကို ဂျပန်လူမျိုးနည်းပြ ကူရိုဆာကီက တာဝန်ယူကိုင်တွယ်နေပြီး ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲအဖြစ် မတ်လအတွင်းက ဟောင်ကောင်ယူ-၂၂အသင်းနဲ့ ခြေစမ်းပွဲ နှစ်ပွဲကစားထားပါတယ်။


news-view-count-icon

22