မြန်မာနိုင်ငံတွင် ဧပြီလ (၂၇)ရက် မှ မေလ (၁၈)ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂)ဦး တွေ့ရှိခဲ့ကြောင့် COVID-19 ရောဂါ စောင့်ကြပ်ကြည့်မှုနှင့် ပတ်သက်ပြီး သတင်းမှ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့သည့်၂၀၂၅ ခုနှစ် ဧပြီလ (၂၇) ရက်နေ့မှ မေ (၄)ရက်နေ့အထိ တစ်ပတ်အတွင်း လူပေါင်း ၂,၆၂၄ ဦးကို စစ်ဆေးခဲ့ရာ မေလ (၅) ရက် စာရင်းအရ လူနာ (၁)ဦး၊ မေလ (၁၁)ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ လူပေါင်း ၂,၄၆၁ ဦးကို စစ်ဆေးရာတွင် မေလ (၁၉) ရက်နေ့ တွင် လူနာသစ်(၁)ဦး ၊ စုစုပေါင်း ၂ ဦး ပိုးတွေ့ကာအိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ မေ (၁၇) ရက်အထိ ရောဂါဖြစ်ပွားသူ ၁ သိန်း ၆ ထောင် ၅ ရာ နီးပါး ရှိပြီး ရောဂါကြောင့် သေဆုံးသူ (၂၆) ဦးရှိကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) မှ သိရပါတယ်။
May 21 • 7:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


