ပရီမီယံကိုယ်ပိုင်ဂျက်လေယာဉ်ဝန်ဆောင်မှုများကို ပေးဆောင်သည့် အဆင့်မြင့်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Sun Air ကို ပြေးဆွဲနေသည့် ဗီယက်နမ် အိမ်ခြံမြေနှင့် ဟိုတယ် ဖွံ့ဖြိုးရေးလုပ်ငန်းစု Sun Group သည် လေကြောင်းလိုင်းအသစ် Sun Phu Quoc Airways ကို ထူထောင်လုပ်ကိုင်ခွင့် လျှောက်ထားခဲ့ရာ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင့်ချင်က အတည်ပြု ခွင့်ပြုပေးလိုက်သည်။ကနဦး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၉၆ သန်းဖြင့် ယခုနှစ် စတုတ္ထ၃လပတ်တွင် စတင်ပြေးဆွဲမည်။ ဗီယက်နမ်ဗီယက်နမ်အလံတင် Vietnam Airlines ၊ လေယာဉ်ခ သက်သာသည့် လေကြောင်းလိုင်း VietJet, Bamboo Airways နှင့် Vietravel Airlines တို့ကို ယှဉ်ပြိုင်ပြေးဆွဲ ရမည်ဖြစ်သည်။



