ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊ အားကစားနှင့် ခရီးသွားလာရေး စသည်တို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ကြိုးစားမည်ဖြစ်သည်။၎င်း၏ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က“Thai SELECT” ဖွင့်ပွဲကိုတက်ရောက်မည်။ဗြိတိန်မှစားသောက်ကုန်တင်သွင်းသူများ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။



