back

ထိုင်း အခြေစိုက် အစားအစာ ပို့ဆောင်တဲ့Robinhood က Foodpanda ရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းရယူမည်

May 21 • 7:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်း အခြေစိုက် အစားအစာ ပို့ဆောင်တဲ့Robinhood က Foodpanda ရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းရယူမည်

Yip In Tsoi Group ရဲ့လုပ်ငန်းခွဲ Purple Ventures Company က တည်ထောင်ထားတဲ့ ထိုင်း အခြေစိုက် အစားအစာ ပို့ဆောင်တဲ့ Robinhood ဟာ Foodpanda Thailand နဲ့ နည်းဗျူဟာမြေ...

Yip In Tsoi Group ရဲ့လုပ်ငန်းခွဲ Purple Ventures Company က တည်ထောင်ထားတဲ့ ထိုင်း အခြေစိုက် အစားအစာ ပို့ဆောင်တဲ့ Robinhood ဟာ Foodpanda Thailand နဲ့ နည်းဗျူဟာမြောက် သဘောတူညီမှု ပြုလုပ်လိုက်ပါတယ်။ Foodpanda ဟာ မေလ ၂၃ ရက်နေ့မှာ ထိုင်းမှာ လုပ်ငန်း ရပ်နားတော့မှာ ဖြစ်တဲ့အတွက် ထိုင်းမှ Foodpanda ရဲ့ ဖောက်သည်တွေ၊ စားသောက်ဆိုင် ပါတနာတွေနဲ့ Delivery Rider တွေကို Robinhood ကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။Foodpanda ရဲ့ နိုင်ငံတကာ Customer တွေကို လက်ခံဖို့အတွက် Robinhood ဟာ အင်္ဂလိပ် ဘာသာစကား ထောက်ပံ့တဲ့ App ကို အဆင့်မြှင့်တင်ထားပြီးပါပြီ။ Robinhood ဟာ လက်ရှိမှာ ဘန်ကောက်နဲ့ ပတ်ဝန်းကျင် ပြည်နယ်တွေမှာ ဝန်ဆောင်မှုပေးနေပြီး ၂၀၂၅ ခုနှစ် စတုတ္ထ ကွာတားမှာ တခြား အဓိက မြို့တွေမှာ ဝန်ဆောင်မှုကို တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။ 


news-view-count-icon

30