ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ယခုအချိန်တွင် ပုံမှန်ဖြစ်ပွားနေသော တုပ်ကွေးရောဂါပိုးထက် ခုနစ်ဆ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ XEC ဗိုင်းရပ်မျိုးကွဲအား ဝန်ကြီးဌာနအနေဖြင့် ကူးစက်မှုမဆိုးဝါးစေရန် ကာကွယ်စောင့်ရှောက်မှုများပြုနေကြောင်း ပြောကြားခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဆွမ်ဆက် သက်ဆူတင်က ဝန်ကြီးဌာနအနေဖြင့် ရောဂါကြောင့် ထိခိုက်လွယ်စေမည့် အုပ်စုများနှင့် ကျောင်းများတွင် ဗိုင်းရပ်ပျံ့နှံ့မှုကို စောင့်ကြည့်ရန် အလေးထား ဆောင်ရွက်နေကြောင်းလည်း ပြောခဲ့သည်။



