မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၅ မေလ ၂၀ ရက်တွင် ငွေလဲနှုန်း ကျပ် ၃၆၀၆ ဖြင့် အမေရိကန်ဒေါ်လာ ၅၆၈,၂၄၆၊ ငွေလဲနှုန်း ကျပ် ၁၃၁.၇၈ ဖြင့် ထိုင်းဘတ် ၁.၈၉၆ သန်းကို ထုတ်ရောင်းခဲ့ပြီး၊ ထိုနေ့တွင်လည်း AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၁၁.၇၅၄ သန်း၊ တရုတ်ယွမ် ၇.၂၃၅ သန်း၊ ထိုင်းဘတ် ၂၅.၃၆၃ သန်းအလွှဲအပြောင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



