back

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့

May 21 • 6:01 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့

၂၁.၅.၂၀၂၅ ရက်ယနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်း၊ သာစည်ဈေးရှေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျမှုဖြစ်ပွား...

၂၁.၅.၂၀၂၅ ရက်ယနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်း၊ သာစည်ဈေးရှေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သလ္လာအရန်မီးသတ်စခန်း၊ အောင်ချမ်းသာအရန်မီးသတ်စခန်း၊ ထန်းတောအရန်မီးသတ်စခန်း၊ သုခဟိတလူမှုရေးအသင်း၊ မေတ္တာစေရာလူမှုရေးအသင်းနှင့် ပေးဆပ်သူလူမှုရေးအသင်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။



news-view-count-icon

25