back

အိုမီခရွန်အုပ်စုမှ နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးများထိုးနှံပေးမည်

May 21 • 6:00 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အိုမီခရွန်အုပ်စုမှ နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးများထိုးနှံပေးမည်

ယခုမေလအတွင်းတွင် GAVI support for C 19 Vaccination အစီအစဉ်ဖြင့် ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက်တွဲမျ...

ယခုမေလအတွင်းတွင် GAVI support for C 19 Vaccination အစီအစဉ်ဖြင့် ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1 များကို ဆက်လက်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရကာကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများမျိုးရိုးဗီဇပြောင်းသည်နှင့်အတူ ၎င်းမျိုးဗီဇပြောင်းရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမျိုးဆက်သစ်များသည်လည်း စဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5 အသုံးပြု၍ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်းကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက်ပြည်သူ (၁၁၂,၅၂၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၄,၇၇၅)ဦးအပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ (၆) လနှင့် (၁) နှစ် အတွင်းရှိသည့် ပြည်သူ (၂,၂၈၆,၇၂၆)ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။



news-view-count-icon

27