back

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ငလျင်နှင့်မိုးကြောင့် ပြိုလဲသည့်အဆောက်အဦးအနီး ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်း

May 21 • 4:46 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ငလျင်နှင့်မိုးကြောင့် ပြိုလဲသည့်အဆောက်အဦးအနီး ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ပဲပုတ္တန်းရပ်ကွက်တွင် မေလ ၂၁ ရက် နံနက်၂နာရီကျော်ခန့် အချိန်ပိုင်းက မိုးရွာသွန်းမှုနှင့် အတူ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံတစ်လု...

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ပဲပုတ္တန်းရပ်ကွက်တွင် မေလ ၂၁ ရက် နံနက်၂နာရီကျော်ခန့် အချိန်ပိုင်းက မိုးရွာသွန်းမှုနှင့် အတူ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံတစ်လုံး ပြိုကျမှုထပ်မံဖြစ်ပွားပြီး နီးစပ်နေအိမ်များမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်ခဲ့ကြောင်း သိရသည်။ ပြိုကျမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း တဖက်အိမ်သို့ပြိုကျနိုင်ခြေရှိသောကြောင့် ဓာတ်ကြိုး ၃ ချောင်းဖြင့် တင်းခံထားပြီး၊ “မဏီစလ” လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် လိုက်ဖက်လုပ်ဆောင်သူများက လူနာများနှင့် ပစ္စည်းများကို အရေးပေါ်ထုတ်ယူကယ်ဆယ်ခဲ့ကြသည်။ ထိုအပြင် မေလ ၁၇ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်ရှိ ရွှေကူဘုန်းကြီးကျောင်းတော်အနီး၌ မိုးရွာနှင့် ငလျင်ကြောင့် သစ်ပင်တစ်ပင်လဲကျမှုဖြင့် သားအဖ ၂ ဦး သေဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။


news-view-count-icon

13