မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ Made in Myanmar ထုတ်ကုန်များကို ၂၀၂၅ စက်တင်ဘာ ၁၅–၁၇ ရက်တွင် ပြင်သစ်၊ ပါရီရှိ Apparel Sourcing Paris 2025 ပွဲတွင် ပါဝင်ပြသနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ ပြခန်းအတွက် စရိတ်မျှခံစနစ်ဖြင့် အသင်းဝင်များသည် ဥရောပဝယ်သူများနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းရရှိမည်ဖြစ်ပြီး၊ လေယာဉ်ခ၊ ဗီဇာ၊ ဟိုတယ်နှင့် ကိုယ်ပိုင်အသုံးစရိတ်များကို မိမိတိုင်ကျခံရမည်ဖြစ်သည်။



