ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်ချစ်ချင်အားပေးမှု ရရှိထားတဲ့ အဆိုတော် Ice Cold ကတော့ ပရိသတ်တွေအတွက် အချစ်သီချင်းတွေနဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာလေးတွေပါမယ့် MTV တွေ မကြာခင်ထွက်လာဖို့ရှိတယ်လို့ဆိုပါတယ်။“ကျွန်တော် သီချင်းသစ်လေး MTV ထွက်ဖို ရှိပါတယ်။ ဒီလ (သို့) နောက်လ ဖြစ်မှာပါ။ နှစ်လအတွင်းထဲမှာပေါ့။ လာမှာပါ။ ခဏစောင့်ကြည့်နေတာပါ။ အချစ်သီချင်းတွေပါသလို ကျန်တဲ့ အကြောင်းအရာလည်း ပါ မယ်။ ထူးထူးဆန်းဆန်း အကြောင်းအရာတွေလည်း ပါမယ်။ တစ်ပုဒ်ကို ရသတွေ ခံစားချက်တွေ မတူအောင် လုပ်ထားပါတယ်" လို့လည်း ဆိုပါတယ်။
ပရိသတ်တွေအတွက် အချစ်သီချင်းတွေနဲ့ ထူးထူး ဆန်းဆန်းအကြောင်းအရာလေးတွေပါမယ့် MTV တွေ မကြာခင်ထွက်လာဖို့ရှိတယ်ဆိုတဲ့ Ice Cold
May 20 • 9:48 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


