ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် KG တန်းမှ G 12 အထိ အတန်းအားလုံးကို မေလ (၂၂) ရက်မှစတင်လက်ခံမည်ဖြစ်ပြီး ဘော်ဒါဆောင်နေထိုင်လိုသည့် ကျောင်းသား/သူများကိုလည်း G 3 မှ G 12 အထိ ဖွင့်လှစ်သွားမည်ဖြစ်သည့်အပြင် နေ့တက်ကျောင်းကားများကိုလည်း စီစဉ်ပေးမှုများလည်းရှိကြောင်း ဆိုသည်။" ကျွန်တော်တို့ အစိုးရကျောင်းတွေ ကျောင်းအပ်လက်ခံတဲ့နေ့မှာပဲ စလက်ခံမှာပါ။ ဘော်ဒါအတွက်လည်း ခေါ်ယူနေသလို အတန်းအလိုက် သင်ကြားရေးဆရာ ဆရာမတွေလည်း ခေါ်ယူနေပါပြီ"ဟု ၎င်း က ရှင်းပြသည်။
May 20 • 9:47 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


