ရန်ကုန်ရှိ သိမ်ကြီးနှင့် ညောင်ပင်လေးစျေးတို့တွင် ခေါက်ဆွဲခြောက်အမျိုးမျိုး စျေးနှုန်းတက်လာသော်လည်း သဘာဝဘေးအရေးပေါ်ဒေသများအတွက် အလှူရည်ရွယ်သည့် ဝယ်သူများကြောင့် ဝယ်လိုအားကောင်းနေသည်။ ယမ်ယမ်၊ ရှင်းရှင်းနှင့် ကိုရီးယားအမှတ်တံဆိပ်များအပါအဝင် စျေးတက်နေသော်လည်း ရောင်းအားလျော့မသွားဘဲ စျေးကွက်ထဲ၌ လက်လီနှင့်လက္ကားအရောင်းအဝယ် သွက်နေသည်။ တချို့အမှတ်တံဆိပ်များမှာ ပြတ်လပ်မှုပင် ဖြစ်လာခဲ့ကြောင်း သိရသည်။



