တရုတ်၏ Jiu Tian အမည်ရှိ ဒရုန်းတစ်စင်းသည် ဇွန်လကုန်တွင် ၎င်း၏ပထမဆုံး မစ်ရှင်အဖြစ် စတင်ပျံသန်း တော့မည်ဖြစ်ပြီး တရုတ်လေတပ်၏ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို ပိုမိုချဲ့ထွင်ရန် အုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။ ဒရုန်းကို လွှတ်တင်မည့် အကြောင်းနှင့်ပတ်သက်၍ တရုတ်မီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်ကုန်ကတည်းက ဖော်ပြခဲ့ပြီး နိုင်ငံပိုင် CCTV ရုပ်သံက မေလ ၁၉ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။



