မေ ၁၈ ရက် ညနေပိုင်းက တရုတ်-မလေးရှား နှစ်နိုင်ငံမှ ပညာရှင်များ၏ လိုက်လံပို့ဆောင်မှုအောက်တွင် မလေးရှားရောက် ပန်ဒါဝက်ဝံကြီး “ဖူဝါ” နှင့် “ဖုန့်ရီ” တို့သည် တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာ ရာအန်းစခန်းသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိလာပြီး ယင်းစခန်း၌ အနည်းဆုံး ၁ လကြာ သီးသန့်စောင့်ကြည့်မှု ခံယူမည်ဖြစ်သည်။



