တရုတ်နိုင်ငံသည် မကြာသေးမီက အိန္ဒိယနှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ပါကစ္စတန်ကို စစ်ရေးအကူအညီများ ပေးခဲ့ရာတွင် လေကြောင်းရန်ကာကွယ်ရေး၊ ရေဒါစနစ်နှင့် ဂြိုဟ်တု စောင့်ကြည့် ထောက်လှမ်းရေးတို့ ပါဝင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ သုတေသနအဖွဲ့ Centre For Joint Warfare Studies (CENJOWS) ညွှန်ကြားရေးမှူးချုပ် အာရှော့ကူးမားက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။



