မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်ဟာ မေလ ( ၂၈ ) ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပွဲစဉ်ကြောင့် အဆိုပါပွဲစဉ်ပြီးဆုံးမှသာ မြန်မာ့လက်ရွေးစင်အသင်းနှင့် ပြန်လည်ပူပေါင်းသွားဖွယ်
ရှိနေပါတယ် ။မောင်မောင်လွင် ပါဝင်ကစားနေတဲ့ ထိုင်းလိဂ်ဝမ်းကလပ် လမ်ဖူဝါရီယာအသင်းဟာ ရှူံးထွက်ဖလား ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် မြန်မာကစားသမား မောင်မောင်လွင် ကတော့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြသခံရတဲ့ အနီကတ်ကြောင့် ဗိုလ်လုပွဲစဉ်ကို လွဲချော်သွားရမှာဖြစ်ပြီး ကိုရီးယားလူမျိုးနည်းပြ ကင်ဆန်ဆစ် ဦးဆောင်သည့် Asean All Star အသင်းနှင့်မကြာမီရက်ပိုင်းအတွင်းပူးပေါင်းသွားဖွယ်ရှိနေပါတယ် ။



