မြန်မာ့လက်ရွေးစင်ဖူဆယ်ကစားသမား မျိုးသက်အောင်ဟာ ထိုင်းဖူဆယ်လိဂ်ဝမ်းကလပ် North Bangkok University အသင်းနဲ့ အတူ စတင်ပါဝင် ကစားနေရပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ Suratt Thani အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နိုင်ပွဲစတင်ရရှိခဲ့ပါတယ် ။North Bangkok University အသင်းဟာ ထိုင်းဖူဆယ်လိဂ်ဝမ်းသို့ ယခုနှစ်မှတန်းတက်လာသည့် အသင်းတစ်သင်းဖြစ်ပြီး ပွဲစဉ် ( ၂ ) ပွဲကစားအပြီး တစ်ပွဲသရေ ၊တစ်ပွဲနိုင်ဖြင့် အမှတ်ပေးဇယား၏ အဆင့် ( ၅ ) နေရာမှာ ရပ်တည်နေလျှက်ရှိပါတယ် ။



