လူငယ်လူရွယ်များ ပြင်ပထွက်ခွာမှု များလာသဖြင့် အခြေခံအလုပ်သမား ရှားပါးလာကာ ပြည်တွင်းရှိအထည်ချုပ်စက်ရုံအပါအဝင်စက်ရုံအချို့တွင် ဝန်ထမ်းဦးရေ ရာနှင့်ချီခေါ်ယူနေကြောင်း သိရသည်။လှိုင်သာယာမြို့နယ်ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၁) တွင် စက်ချုပ်ကျွမ်းကျင်လူဦးရေ ၅၀၀ ဦးခေါ်ယူခြင်း၊ Opal International အထည်ချုပ်ကုမ္ပဏီတွင် စက်ချုပ်ကျွမ်းကျင်နှင့် စက်ချုပ်သင်ခေါ်ယူခြင်းအပါအဝင် စက်ရုံများတွင် လုပ်သားလိုအပ်ချက် များပြားနေကြောင်းသိရသည်။



