Flavors Of Thailand ရဲ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၉ ရက်နေ့ မနက်၁၀ နာရီက Golden Valley Marketplace မှာကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲကို သရုပ်ဆောင်မင်းဘုန်းမြတ်က တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲအခမ်းအနားမှာ ထိုင်းအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ သင်္ဘောသီးထောင်းနှင့် အချဉ်ပေါင်း၊ ထိုင်းရိုးရာ အစားအသောက်တွေကိုပါ မြည်းစမ်းခွင့်ရခဲ့ပါတယ်။ "ထိုင်းနိုင်ငံရဲ့ Soft power ကို မြင့်တင်ရင်း ထိုင်းထုတ်ကုန်ပစွည်းများကို City Mart, Ocean နဲ့ Marketplace တစ်နိုင်ငံလုံးမှာ Promotion တွေနဲ့ မေလ (၁၅)ရက် ကနေ ဇွန်လ (၄) ရက်နေ့ အထိ သွားရောက် ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရသည်။



