(၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို ၂၀၂၅ ခုနှစ် မေ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြပွဲတွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များမှ ပညာသင်ကြားမှုအခွင့်အလမ်းများ၊ ဘာသာရပ်ရွေးချယ်မှုနှင့် သင်တန်းကြေးအကြောင်းအရာများကို တိုက်ရိုက်ဆွေးနွေးသိရှိနိုင်မည်ဖြစ်ပြီး ပညာသင်ကြားလိုသူများအတွက် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။



