မန္တလေး မဟာအောင်မြေမြို့နယ် ၆၆ လမ်းနှင့် ၃၅/၃၆ လမ်းကြား၌ စည်ပင်သာယာရေးဝန်ထမ်းများအတွက် ယာယီနေထိုင်နိုင်ရေး Container House အလုံးရေ ၁၅၀ တည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။ မေ ၁၇ ရက်တွင် တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး၊ မန္တလေးမြို့တွင်းရှိ အန္တရာယ်ရှိလူနေအဆောက်အဦများ ဖယ်ရှားရေး လုပ်ငန်းများကိုလည်း တဆက်တည်း ကြည့်ရှုကြောင်း သိရှိရသည်။



